ဧရာ၀တီတိုင်း မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှာ Non CDM ပညာရေးဝန်ထမ်းအနည်းစုနဲ့ ကျောင်းတွေကို လိုက်လံစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။
ပညာရေးမှူးရုံးက ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဦးအောင်သူဟာ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့အတွက် စစ်ဆေးရေးအဖွဲ့နဲ့အတူ မူလွန်၊ အလယ်တန်း၊ အ.ထ.က ခွဲ ကျောင်းတွေကို လိုက်လံစစ်ဆေးရင်း စားစရိတ်အတွက်ဆိုပြီး တစ်ကျောင်းကို ငွေနှစ်သောင်းစီ တောင်းခံနေတယ်လို့ သိရပါတယ်။
အဲဒီလို စစ်ဆေးရေးအဖွဲ့က ဆရာ၊ ဆရာမ ဆိုသူတွေကို ဧည့်ခံဖို့အတွက်ဆိုပြီး ကျောင်းအုပ်တွေကို တောင်းရာမှာ Non CDM ကျောင်းအုပ်တွေကတော့ ပေးကြတယ်လို့ သိရပါတယ်။
“သူတို့က ကျောင်းစစ်ဆေးရေးလုပ်လာတယ်ဆိုတာ ကျောင်းဖွင့်ဖို့ အမှန်အကန်ပုံစံ လုပ်လာတာ၊ ဒါဟာ ကျနော်တို့ CDM သမားတွေကို ဖိအားပေးနေတာလို့လည်း မြင်တယ်၊ ပြီးတော့ ဒီမြို့မှာ CDM သမားတွေကို ဖမ်းပြီဆိုပြီး တကျောင်းချင်းအလိုက်ကော ကျေးရွာအလိုက်ကော ခြိမ်းခြောက်နေတယ်” လို့ ဓနုဖြူက CDM ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ဓနုဖြူမှာ ပညာရေးဝန်ထမ်း Non CDM အင်အားများနေပြီး လက်ရှိမှာ CDM အမာခံ ဝန်ထမ်း ၃၂၀ ဦးကတော့ တောင့်ခံနေဆဲ ဖြစ်တယ်လို့သိရပါတယ်။
ကျောင်းတွေဖွင့်ဖို့ စစ်ဆေးရေးအဖွဲ့တွေ မေ ၂၄ အပြီး အလုပ်လုပ်ထားဖို့ စစ်ကောင်စီ ဘက်က ညွှန်ကြားထားပါတယ်။