မိုးဗြဲရဲစခန်းကို PDF သိမ်းပိုက်၊ စစ်ကောင်စီတပ်ဘက်က ၂၀ ဝန်းကျင် သေဆုံး
DVB
·
May 23, 2021
ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲရဲစခန်းကို PDF အဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ လက်နက်ကိုင်ဘက်က ၂၀ ဝန်းကျင်သေဆုံးကာ ၄ ဦး အရှင်ဖမ်းမိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မိုးဗြဲမှာ ဒီနေ့မနက်ပိုင်းကတည်းက တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီရဲစခန်းကို မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က သိမ်းပိုက်နိုင်ခဲ့ကာ လက်နက်အများအပြားလည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့တိုက်ပွဲမှာ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ၅ ဦး ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။