ဟုမ္မလင်း ကက်သာရဲကင်း တိုက်ခိုက်ခံရ၊ ရဲ ၁ ဦး သေဆုံး
DVB
·
May 23, 2021
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့တဖက်ကမ်း ကက်သာရဲကင်းစခန်းကို မေ ၂၂ ည ၁၁ နာရီလောက်က လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲ ၁ ဦးသေဆုံးပြီး စစ်သား ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့ညက ဟုမ္မလင်းတစ်ဖက်ကမ်းမှာ ရဲကင်းစခန်းတိုက်ခိုက်ခံရတယ်။ ဘယ်အဖွဲ့ဆိုတာမသိဘူး။ ရဲတပ်ဖွဲ့ဝင်ကိုကျော်လင်းအောင်သေဆုံးသွားတယ်၊ စစ်သားတစ်ဦး ဒဏ်ရသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။