အကြမ်းဖက်စစ်ကောင်စီအောက် ဆက်လက်သစ္စာခံနေမှုအတွက် တိုကျိုမြန်မာသံအမတ် ဦးစိုးဟန်ကို ဆန္ဒပြစဉ် ဆန္ဒပြမြန်မာများနဲ့ ဂျပန်ရဲတချို့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပါတယ်။
ဆန္ဒပြ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမျိုးကြီးကတော့ မြန်မာပြည်သူတွေကို သစ္စာဖောက်တဲ့ ဒီသံအမတ် ဦးစိုးဟန်ကို အလိုမရှိ ရှုတ်ချကြောင်း ဒီနေ့ လာဆန္ဒပြတာပါ။
သူ့ကို အလိုမရှိကြောင်းပိုစတာတွေကို သံရုံးနံရံမှာကပ်ရင်း ဂျပန်ရဲများက ကြမ်းတမ်းစွာ တားဆီးရင်း ရုန်းရင်းဆန်ခတ်ဖြစ်ရတာပါလို့ ဆိုပါတယ်။
“ဒီသံအမတ်က သူ့သမီးက ဆရာဝန်ပါ။ မြန်မာနိုင်ငံမှာ ဆရာဝန်တွေအပါအဝင် လူတန်းစား အသီးသီးက စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း အသက်သွေးချွေးတွေ ပေးဆပ်နေရတာပါ။ ဒါကို ဒီသံအမတ်က ပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှူပြီး စစ်ကောင်စီကို သစ္စာခံနေတာကို ရှုတ်ချချင်လို့ လာရောက် ဆန္ဒပြတာပါ” လို့ ဆန္ဒပြပွဲလာရောက်သူ ဒေါက်တာ စန်းစန်းမေဖြိုးအောင်က ပြောပါတယ်။
တိုကျိုသံရုံးမှ ပထမအတွင်းဝန် ဦးအောင်စိုးမိုးနဲ့ ဒုတိယအတွင်းဝန် ဒေါ်အိန္ဒြာသန်းတို့က တော့ CDM ဝင်ရောက်ခဲ့ကြပြီး CDM ဝင်စဉ်က မိမိတို့က အများပြည်သူများဆန္ဒနဲ့အညီ ဓမ္မဘက်မှ ရပ်တည်ချင်လို့ ပြုလုပ်ခဲ့ကြတာလို့ ပြောပါတယ်။
ဒီနေ့ဆန္ဒပြပွဲကို ဂျပန်ရောက် မြန်မာနိုင်ငံသား ၂၀၀ ကျော် လာရောက်ပူးပေါင်းခဲ့တာကို တွေ့ရပါတယ်။