Home
မြန်မာသတင်း
အန်အယ်လ်ဒီပါတီကို ဖျက်သိမ်းမည်ဟု အကြမ်းဖက်စစ်ကောင်စီခန့် ရွေးကော် ဥက္ကဋ္ဌပြော
DVB
·
May 21, 2021
188375096_2832587990328013_4212263690344565571_n

အန်အယ်လ်ဒီပါတီကို ဖျက်သိမ်းဖို့ စဉ်းစားဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။

ဒီနေ့ မေလ ၂၁ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ အဲဒီလို ပြောဆိုခဲ့တာပါ။

“ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဥပဒေနဲ့မညီတဲ့ဆောင်ရွက်ချက်တွေကို ကြိုတင်ကြံစည် ဆောင်ရွက်ခဲ့တဲ့ အန်အယ်လ်ဒီပါတီကိုဖျက်သိမ်းနိုင်ဖို့နဲ့ အဲဒီလိုဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကိုလည်း နိုင်ငံတော်သစ္စာဖောက်မှုအနေနဲ့ အရေးယူဖို့ စဉ်းစားဆောင်ရွက်သွားမယ်”လို့ ကော်မရှင်  ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောပါတယ်။

ဒီနေ့တွေ့ဆုံပွဲကိုကြံ့ခိုင်ရေးပါတီနဲ့ မဟာမိတ်တွေအပါအဝင် နိုင်ငံရေးပါတီ ၆၂ ပါတီ ပါတီတက်ရောက်ခဲ့ပေမယ့် အန်အယ်လ်ဒီပါတီနဲ့ အင်အားကြီး တိုင်းရင်းသားပါတီကြီးတွေတော့ တက်ရောက်တာမရှိပါဘူး။

၂၀၂၀ ရွေးကောက်ပွဲမှာ  စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီကို အန်အယ်လ်ဒီပါတီက တောင်ပြိုကမ်းပြို အပြတ်အသတ်အနိုင်ရခဲ့တဲ့အတွက် စစ်တပ်က နိုင်ငံအာဏာကို မတရားရယူ သိမ်းပိုက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အန်အယ်လ်ဒီခေါင်းဆောင်တွေ ၊ လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ နိုင်ငံတဝန်းက ပါတီဝင်တွေကို ဖမ်းဆီးတရားစွဲတာ ပါတီရုံးတွေကို စီးနင်း ဖျက်ဆီးတာတွေလုပ်ဆောင်နေတဲ့ အပြင် ပါတီကို ဖျက်သိမ်းပစ်ဖို့ဘာ ကြံစည်နေတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024