မန္တလေးမြို့မှာ အောင်မြေသာစံမြို့နယ်ကျောင်းသားများသမဂ္ဂကို ယနေ့ မေ ၂၀ ရက်က မြို့နယ်တွင်းမှာ ကျောင်းတက်ဆဲ ကျောင်းသား ကျောင်းသူတွေနဲ့ ပေါင်းစည်း ဖွဲ့စည်းလိုက်ပါတယ်။
ဒါ့အပြင် အောင်မြေသာစံမြို့နယ်ကျောင်းသားများသမဂ္ဂကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗ.က.သ များ အဖွဲ့ချုပ်) အဖွဲ့ဝင် အဖြစ်လည်း ဒီကနေ့ မေလ ၂၀ရက်မှစတင် တရားဝင်သတ်မှတ်လိုက်ပါတယ်။
အောင်မြေသာစံမြို့နယ်ကျောင်းသားများသမဂ္ဂဟာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ကျဆုံးရေး၊ ဒီမိုကရေစီရရှိရေး၊ ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးနဲ့ မတရားဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားအားလုံးလွတ်မြောက်ရေးတို့အတွက် ဗကသအဖွဲ့ချုပ်ဝင် သမဂ္ဂရဲဘော်များအားလုံး နဲ့ လက်တွဲကာ လူထုကြီးရဲ့ တပ်ဦးမှနေကာ တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထား ပါတယ်။
အဓမ္မကို အဆုံးစွန်ထိအာခံသွားမှာဖြစ်ပြီး အောင်မြေသာစံမြို့ နယ်အတွင်းရှိ ကျောင်းသား တိုင်း အောင်မြေသာစံမြို့နယ်ကျောင်းသားများသမဂ္ဂသို့ ဝင်ရောက်နိုင်တယ်လို့ ဖိတ်ခေါ်ထား ပါတယ်။