အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန အရေးပေါ်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ဦးစီးခန့်အပ်ကြောင်းကို မေလ ၁၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ပြည်ထောင်စုဝန်ကြီး လုပ်ပိုင်ခွင့်ဖြင့် Mr. Rubicon Ngwazah ကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ အရေးပေါ်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ဦးစီးအဖြစ် ခန့်အပ်ခဲ့ကြောင်းကို ထုတ်ပြန်ထားပါတယ်။
အရေးပေါ်တုံ့ပြန်မှုနှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများတွင် အတွေ့အကြုံ ရှိသူ ဖြစ်ကြောင်း၊ ဆေးဘက်ဆိုင်ရာ အရေးပေါ်လုပ်ငန်းများ၊ ကယ်ဆယ်ရေးလုပ်ငန်းများ၊ ကယ်ဆယ်ရေးအဖွဲ့အစည်းများ၏ နေ့စဉ်လုပ်ငန်းနဲ့ တည်ထောင်ရေးတွေမှာ ပါဝင်ခဲ့တဲ့ အတွေ့အကြုံ ၁၅ နှစ်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။