စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်မှာ ပညာရေးဝန်ထမ်း ဆရာ ဆရာမ ၂၇၄ ယောက်ကို တာဝန်မှယာယီရပ်ဆိုင်းကြောင်း အကြမ်းဖက်စစ်ကောင်စီက မေလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အလုပ်ကနေ ယာယီရပ်နားခံလိုက်ရတဲ့ ဆရာ၊ ဆရာမ တွေဟာ အာဏာသိမ်းအကြမ်း စစ်ကောင်စီရဲ့ စစ်ကျွန်ပညာရေးလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တာကြောင့် အာဏာဖီဆန် CDM မှာ ပါဝင်နေကြသူတွေဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ ဒီလို အလုပ်က ယာယီရပ်ဆိုင်းရတာဟာ ခွင့်စည်းကမ်းကို ဖောက်ဖျက်ပြီးခွင့်မဲ့ပျက်ကွက်တာ လုံလောက်တဲ့အကြောင်းပြချက်မရှိဘဲ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၁၆၁၊ နည်းဥပဒေခွဲ (ဃ)၊ နည်းဥပဒေ (၁၇၀) အရ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။