ကချင်ပြည်နယ်၊ မိုးကောင်း-တနိုင်း လီဒိုလမ်းပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေအတွက် ရိက္ခာတင်လာတဲ့ ကားတစ်စီး မေလ ၁၈ ရက် ဒီကနေ့ မီးရှို့ခံခဲ့ရပါတယ်။
မိုးကောင်း-တနိုင်း ဟူးကောင်းလွင်ပြင်ဘက် တပ်ရိက္ခာ တင်လာ ၁၀ ဘီးကားတစ်စီး မီးရှို့ခံရတာဖြစ်ပြီး ဘယ်သူ ဘယ်အဖွဲ့အစည်းက မီးရှို့ခဲ့တာလဲဆိုတာတော့ မသိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာလည်း ဒီကနေ့မနက် စစ်ကောင်စီလက်နက်ကိုင်တပ်တပ်တွေအတွက် လောင်စာဆီတင်ဆောင်လာတဲ့ ဆီဘောက်ဆာကား ၁ စီးကို တားဆီးပစ်ခတ်ခဲ့တယ်လို့ ကေအိုင်အေဘက်က ကချင်သတင်းဌာနကို ပြောပါတယ်။