စစ်အာဏာရှင်ကျဆုံးရေးမီးပိတ်သပိတ် ပြည်သူများပါဝင်ရန် နှိုးဆော်
DVB
·
May 15, 2021
နိုင်ငံတွင်း စစ်အာဏာရှင် ကျဆုံးရေးမီးပိတ်သပိတ်ကို မေလ ၁၅ ရက် ဒီနေ့ညက စတင်ပြုလုပ်မှာဖြစိတာကြောင့် ပြည်သူလူထု အားလုံးပါဝင်ကြဖို့ တကသများ(ရန်ကုန်)နဲ့ တကသဟောင်းများ အင်အားစုက.ပြည်သူ့ထံ နှိုးဆော်လိုက်ပါတယ်။
အဆိုပါမီးပိတ်သပိတ်မှာ ရည်ရွယ်ချက် ၅ ရပ်ပါဝင်ပြီး သပိတ်ပြုလုပ်ချိန်ကို ညစဉ် ည ၈ နာရီ သံပုံးတီးပြီးချိန် ၈ နာရီ ၁၅ မိနစ်က စတင်မှာဖြစ်ပြီး ၈ နာရီ ၃၀ မိနစ်ထိ ၁၅ မိနစ်ကြာ မိမိတို့အိမ်ရှိ မီးများအားလုံး အမှောင်ချပိတ်ထားပြီး တိတ်ဆိတ်စွာ နေပြီး မီးပိတ်သပိတ်ပြုလုပ်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။