မုဒုံမြို့က CDM ဆရာ၊ ဆရာမ ၂၀၀ ကျော်ကို စစ်ကောင်စီက တာဝန်ကနေ ရပ်ဆိုင်း
DVB
·
May 15, 2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့က CDM ဝင်ထားတဲ့ အခြေခံပညာ ဆရာ၊ ဆရာမ ၂၁၉ ဦးကို တာဝန်ကနေယာယီရပ်ဆိုင်းကြောင်း အကြမ်းဖက်စစ်ကောင်စီက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
တာဝန်ကနေ ယာယီရပ်ဆိုင်းခံရတဲ့ ဆရာ၊ ဆရာမတွေဟာ ခွင့်စည်းကမ်းကိုချိုးဖောက်ပြီး ခွင့်မဲ့ပျက်ကွက်တာ၊ လုံလောက်တဲ့အကြောင်းပြချက်မရှိဘဲ တာဝန်ချိန် ပျက်ကွက်တာတွေကြောင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ တာဝန်ကနေ ယာယီရပ်ဆိုင်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။