မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-လာရှိုးလမ်း မိုင်တိုင်အမှတ် (၅၁/ ၁)ဖာလုံမှာ မေ ၁၃ ရက် မနက် ၁၀ နာရီခွဲလောက်က ၂၂ ဘီးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ခဲ့ပါတယ်။
မန္တလေးမှ မူဆယ်ကို မောင်းနှင်လာတဲ့ HINO အဖြူရောင် ၂၂ ဘီးယာဉ်ဟာ အရှိန်လွန်ပြီး ယာဉ်တိမ်းမှောက်ခဲ့တာပါ။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်နောက်လိုက်ကျား ၁ ဦး သေဆုံးခဲ့ပြီး ယာဉ်မောင်း ကျား ၁ ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ) ခဲ့ရာ ဖွံ့ဖြိုးဂရုဏာလူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဉ်နဲ့ ပြင်ဦးလွင်(၁/၇၀၀)တပ်မတော်စစ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
ယာဉ်တိမ်းမှောက်နေရာကို ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။