အင်းစိန်အရုဏ်ဦးသပိတ်က ကျောင်းသားတစ်ဦး ဖမ်းဆီးခံရ
DVB
·
May 9, 2021
မေ ၉ ရက်မနက်ပိုင်းကလုပ်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အရုဏ်ဦးသပိတ်မှာပါတဲ့ ကျောင်းသား လူငယ်တစ်ယောက် ဖမ်းဆီးခံလိုက်ရပါတယ်။
အဲဒီသပိတ်ကို စစ်ကောင်စီအဖွဲ့ဝင်တွေက အိမ်စီးကားတွေ၊ ဆိုင်ကယ်တွေနဲ့ အကြမ်းဖက်ဖြိုခွင်းခဲ့တာလို့ သပိတ်မှာပါဝင်တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။
မနက်ပိုင်းမှာ အကြမ်းဖက်ဖမ်းဆီးတာရှိခဲ့ပေမဲ့ အင်းစိန်လူငယ်တွေဟာ နေ့လယ်ပိုင်းမှာ သပိတ်လမ်းကြောင်း ပြန်ထွက်ခဲ့ချိန် စစ်ကောင်စီက ထပ်မံဖြိုခွင်းဖို့ ကြိုးစားပေမဲ့ လူငယ်တွေ အချိန်မီ လူစုခွဲနိုင်ခဲ့ပါတယ်။