စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့ပူးပေါင်းပြီး စစ်ကျွန်ပညာရေးစနစ်အလိုမရှိကြောင်းနဲ့ စစ်အာဏာရှင်အပြီးတိုင်ချုပ်ငြိမ်းရေးသပိတ်ကို မေလ ၉ ရက်နေ့က အင်အားထောင်ချီ ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။
ဆန္ဒပြပွဲမှာပါဝင်တဲ့ ကျောင်းသားမိဘတွေတဦးက "အတတ်ပညာရှိပြီး အသိပညာမရှိ CDM မပါဝင်တဲ့ ဆရာဆရာမတွေက လာသင်မယ့်ပညာရေးကို မိမိတို့ရဲ့ သားသမီးတွေကို ကျောင်းမထားနိုင်သလို သူတို့ဖွင့်ချင်ဖွင့် မိမိတို့သားသမီးတွေ ပညာမတတ်ချင်နေ ကျောင်းမအပ်ဘူး"လို့ ပြောပါတယ်။
ဆန္ဒပြပွဲကို လမ်းလျှောက်သပိတ်၊ ထိုင်သပိတ် နဲ့ Paper Strike သပိတ်လည်း ပြုလုပ်ခဲ့ကြတာပါ။