မန္တလေးမြို့၊ ရတနာပုံတက္ကသိုလ်ကနေ စစ်ကောင်စီကို ဆန့်ကျင်ပြီး CDM လုပ်ဆောင်နေတဲ့ အရာထမ်း၊ အမှုထမ်း ၆၁၉ ဦးကို ဒုပါမောက္ခချုပ် လက်မှတ်နဲ့ ရာထူးကနေ ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
ရတနာပုံတက္ကသိုလ်မှာ အရာထမ်း၊အမှုထမ်း ပညာရေးဝန်ထမ်း ကိုးရာကျော်ခန့် ရှိတဲ့ထဲက ခြောက်ရာကျော်ကို ယာယီရပ်ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။
ရတနာပုံတက္ကသိုလ်ရဲ့ ပါမောက္ခချုပ် ဒေါက်တာ အောင်အောင်မင်းကိုတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်လှစ်ထားပြီး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ပညာရေးဝန်ထမ်း အများအပြားကတော့ CDM လုပ်ကာ တိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။
အခု အမိန့်စာကို ဒုတိယပါမောက္ခချုပ် ဒေါက်တာ တင့်မိုးသူဇာနဲ့ စီမံ/ဘဏ္ဍာ ဌာနမှူး ဒေါ်ကြည်ကြည်မွန်တို့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။