အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာ မော်လမြိုင်နည်းပညာတက္ကသိုလ်နဲ့ မော်လမြိုင်တက္ကသိုလ်က ဆရာ၊ ဆရာမ ၁၃၆ ဦးကို တာဝန်က ယာယီရပ်ဆိုင်းလိုက်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ CDM လုပ်ထားတဲ့ ဆရာ၊ ဆရာမတွေကို အကြောင်းပြချက်မရှိဘဲ တာဝန်ပျက်ကွက်တာ၊ ခွင့်စည်းကမ်းဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်တာပါ။
တာဝန်က ယာယီရပ်ဆိုင်းခံရတဲ့ ဆရာ၊ဆရာမတွေထဲမှာ မော်လမြိုင်နည်းပညာတက္ကသိုလ်က ၁၀ ဦး၊ မော်လမြိုင်တက္ကသိုလ်က ၁၂၆ ဦး၊ စုစုပေါင်း ၁၃၆ ဦးကို မေလ ၆ ရက်နေ့ ရက်စွဲနဲ့ အလုပ်ရပ်နားခဲ့တာ ဖြစ်ပါတယ်။
တာဝန်ကနေ ယာယီရပ်ဆိုင်းခံရတဲ့ ဆရာ၊ ဆရာမတွေထဲမှာ ပါမောက္ခ (ဌာနမှူး) တွေ၊ တွဲဘက်ပါမောက္ခတွေ၊ ကထိကတွေနဲ့လက်ထောက်ကထိက အရာထမ်း ဝန်ထမ်းတွေ ဖြစ်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီဟာ မော်လမြိုင်တက္ကသိုလ်က CDM ဆရာ၊ ဆရာမတွေ အပါအဝင် ရုံးဝန်ထမ်းအချို့ကိုလည်း ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့က အလုပ်ရပ်နားခဲ့ပါသေးတယ်။