Home
မြန်မာသတင်း
စစ်ကောင်စီတပ်စခန်းကို ကရင်နှင့်ရခိုင်တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်
DVB
·
May 7, 2021
183104247_130578339114854_1710867971772988395_n
182795636_130578245781530_2884077941498003207_n
181674819_130578275781527_3721900316116904766_n
181343236_130578265781528_3612821129139142532_n
181255525_130578299114858_474709181638704400_n

ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ အာဏာသိမ်းစစ်ကောင်စီစခန်းတခုကို ကရင်နဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ပူးပေါင်း သိမ်းပိုက်မီးရှို့ဖျက်ဆီးလိုက်တယ်လို့   ရခိုင်အမျိုးသားကောင်စီ/ ရခိုင်ပြည်တပ်မတော် (ANC/AA) က သတင်းထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNU/KNLA)နဲ့ ရခိုင်ပြည်တပ်မတော် (ANC/AA) လှုပ်ရှားစစ်ကြောင်းတို့ပူးပေါင်းပြီး မူတြော်ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ အာဏာသိမ်းစစ်ကောင်စီစခန်းတခုကို မေလ ၇ ရက် မနက်ပိုင်းက သိမ်းပိုက်ခဲ့တာဖြစ်ပြီး ဒီစခန်းသိမ်းတိုက်ပွဲမှာ လက်နက်ကြီးငယ်အများအပြား သိမ်းဆည်းရမိခဲ့ကာ  နှစ်ဖက်ကျဆုံး စာရင်းတော့ မထုတ်ပြန်ထားပါဘူး။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ ထိုင်းအာဏာပိုင်တွေကို အကူအညီတောင်းပြီး တခြားစခန်းတစ်ခုကို ထွက်ပြေးတိမ်းရှောင်သွားတယ်လို့  ရခိုင်ပြည်တပ်မတော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024