မန္တလေးမြို့မှာ မေလ ၇ ရက်က စစ်အာဏာရှင်ဆန့်ကျင် ချီတက်ဆန္ဒပြတဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသူကျောင်းသားတွေရဲ့ စစ်ကြောင်းကို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေက ဖြိုခွင်းဖို့ လုပ်ဆောင်ခဲ့ပါတယ်။
ဒါပေမဲ့ အချိန်မီလူစုခွဲနိုင်ခဲ့တာကြောင့် ဖမ်းဆီးခံရတာမရှိဘဲ နောက်တစ်ကြိမ်လူစုပြီး ဆက်လက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
ရတနာပုံတက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေဟာ အာဏာသိမ်းစစ်ကောင်စီက အသက်သွင်းနေတဲ့ ဖက်ဆစ်ပညာရေးစနစ်ကို သပိတ်မှောက်ထားပြီး စစ်အာဏာရှင် အလိုမရှိ၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး စတဲ့ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။