အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုကော်မတီဝင် အပါအဝင် ၃ ဦးကို အကြမ်းဖက်စစ်အုပ်စုက မေလ ၆ ရက်ညနေက သေနတ်ထောက်ပြီး ဖမ်းဆီးသွားပါတယ်။
မနေ့ညနေ ၄ နာရီ ၁၅ မိနစ်လောက်က ရန်ကုန်မြို့ ဗဟန်းမြိုနယ်ရှိ အန်အယ်လ်ဒီဗဟို ရုံးချုပ်ရှေ့မှာ အန်အယ်လ်ဒီ ဗဟိုကော်မတီဝင် ဦးဘမျိုးသိန်း၊ ဦးစိုးဝင်း(ခေါ်)ဦးစိုးလေးနဲ့ ရခိုင်ပြည်နယ် လူငယ်လုပ်ငန်းအဖွဲ့ဝင် ကိုဟိန်းမင်းထက်တို့ကို လက်နက်ကိုင်အရပ်ဝတ်တွေက သေနတ်ထောက်ခြိမ်းခြောက်ပြီး မတ်တူးကားနှစ်စီးပေါ်ကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ NUG အစိုးရရဲ့ PVTV ရုပ်သံက ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခေါ်ဆောင်ခံရသူ ၃ ဦးဟာ အန်အယ်လ်ဒီပါတီဗဟိုဌာနချုပ်မှာ ပုံမှန်ရုံးတက်နေသူတွေ ဖြစ်ကြပြီး သူတို့ကို ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။