မကွေးတိုင်းဒေသကြီး၊ စလင်းမြို့မှာ မေလ ၅ ရက် ညက ကိုဇာနည်စိုးအပါဝင် ညီအစ်ကို ၃ ယောက်ကို အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ပါးစေတွေက လာရောက်ဖမ်းဆီးသွားပါတယ်။
ကိုဇာနည်စိုးကို ည ၁၁ နာရီလောက်မှာ အင်အားသုံး ဖမ်းဆီးဖို့လာရောက်တဲ့အချိန်မှာ ညီအစ်ကို အရင်းတော်စပ်သူ ၂ ယောက်က ဝင်ရောက်တားမြစ်တာကြောင့် ၃ ယောက်စလုံးကို ဖမ်းဆီးသွားတာ”လို့ စလင်းမြို့ခံတစ်ယောက်က ပြောပါတယ်။
ကိုဇာနည်စိုးဟာ နည်းပညာတက္ကသိုလ်ကျောင်းသား မောင်အောင်မြင့်မြတ်ကျဆုံးခဲ့တဲ့ မတ်လ ၃ ရက်နေ့က ရဲစခန်းရှေ့မှာ ဖမ်းဆီးခံထားရတဲ့ သားအဖ နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြရာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါစေတွေက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဝမ်းဗိုက်မှာ ကျည်ထိမှန် ဒဏ်ရာရခဲ့တဲ့သူဖြစ်ပါတယ်။