စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ ကောင်ဟိန်ကျေးရွာအနီး မေလ ၅ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဒေသခံ SNAရှမ်းနီတိုင်းရင်းသားတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားပွားပြီး နှစ်ဖက် ထိခိုက်မှုတွေရှိခဲ့ပါတယ်။
“အခုဖြစ်တာ ကျနော်တို့ ကောင်ဟိန်ကျေးရွာအနီးက သဲပြင်မှာဖြစ်ပွားခဲ့တာပါ။ အကြမ်းစစ်တပ်က ကျောက်စွမ်းတွေ ခိုးထုတ်သယ်လာတယ်။ စက်လှေတွေနဲ့ အဲဒါကို SNA ရှမ်းနီတပ်က တားဆီးပြီးပစ်ခတ်ခဲ့တယ်။ အကြမ်းဖက်စစ်တပ်က လူအင်အား ၁၅၀ လောက်ရှိတယ်။ SNA ရှမ်းနီက ဆယ်ဂဏန်း လောက်ပဲရှိတယ်။ အကြမ်းဖက်စစ်တပ်က ၃ ဦး ကျဆုံးသွားခဲ့တယ် ။ ရှမ်းနီဘက်က ၁ ဦးဒဏ်ရာရရှိခဲ့တယ်” လို့ ဒေသခံက ပြောပါတယ်။
အခုလို ခန္တီးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ တိုင်းရင်းသားတပ်တွေအကြား တိုက်ပွဲဖြစ်တာ ပထဆုံးအကြိမ်ဖြစ်ပါတယ်။