မန္တလေးတိုင်းအတွက် ထားရှိတဲ့ အရန်စားအုံးဆီတွေကို စစ်ကောင်စီရဲ့ စီမံမှုနဲ့ ပထမအကြိမ် လေလံပစ်ရောင်းချရာမှာ ဝယ်ယူမယ့်သူ မရှိတဲ့အတွက် ဒုတိယအကြိမ် လေလံပစ်ရောင်းချဖို့ ကြံစည်နေတယ်လို့ ဆီလုပ်ငန်းရှင် တွေထံက သိရပါတယ်။
ဒုတိယအကြိမ် လေလံပွဲကို အခုရက်ပိုင်းအတွင်း လုပ်ဆောင်မှာဖြစ်ပြီး ပိဿာချိန် ၁၀ ပါ ဆီပုံး ၉ သောင်းကျော်ကို လေလံရောင်းချမယ်လို့ သိရပါတယ်။
ဆီတစ်ပုံးကို သုံးသောင်းကျော် ပေါက်ဈေးရှိပြီး အဆိုပါ ဆီတွေကိုသာ ဝယ်ယူမယ့်သူတွေရှိပါက အာဏာသိမ်းစစ်ကောင်စီအတွက် ရန်ပုံငွေ ကျပ်သိန်းပေါင်း ၂ သောင်း ၇ ထောင်ကျော်ရသွားနိုင်တယ်လို့ ဆီကုန်သည်တွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ စီမံမှုနဲ့ အခုလို နိုင်ငံ့ အရန်ဆီတွေ ရောင်းချနေတာကို ဆီလုပ်ငန်းရှင်အများစု အနေနဲ့ လေလံ မဆွဲဖို့လိုတယ်လို့ ဆီကုန်သည်တွေက တိုက်တွန်းထားပါတယ်။