မိတ္ထီလာတွင် ယမန်နေ့ညက ပစ်ခတ်ခံရမှုကြောင့် ၁ ဦး သေဆုံး
DVB
·
May 6, 2021
မိတ္ထီလာမြို့ မေ ၅ ရက်ည ၉ နာရီလောက်က ဝမ်းတော်ပြည့်တို့ချဲ့ရပ်ကွက် ဘုရင့်နောင်လမ်းမှာ ဆိုင်ကယ်စီးလာသူသုံးဦးအား အကြမ်းဖက်စစ်တပ်နဲ့ရဲက သေနတ်နဲ့ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦး သေနတ်ထိမှန်သေဆုံးသွားတယ်လို့ သိရပါတယ်။
ညမထွက်အရအမိန့် ကျော်လွန်ပြီး တားဆီးရာမှာ ထွက်ပြေးတာကြောင့် အကြမ်းဖက်စစ်တပ်နဲ့ရဲက ပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
မိတ္ထီလာမြို့မှာ မေလ ၆ ရက်ကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ကျောင်းသားကျောင်းသူတွေ၊ ဝန်ထမ်းတွေ ပြည်သူတွေပါဝင်တဲ့ အရုဏ်ဦးလမ်းလျှောက်သပိတ်နဲ့ ဆန္ဒပြခဲ့တယ်လို့သိရပါတယ်။