မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ကျောက်ပြသာဒ်ရွာက ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ဦးကျော်သိန်းကို မေလ ၄ ရက် ညနေ ၄ နာရီဝန်းကျင်မှာ အကြမ်းဖက်စစ်အုပ်စုက နေအိမ်မှာ လာရောက် ဖမ်းဆီးသွားပါတယ်။
ဦးကျော်သိန်းဟာ အကြမ်းဖက်စစ်အုပ်စုက စီစဉ်တဲ့ ရပ်မိရပ်ဖ၊ မြို့မိမြို့ဖတွေ့ဆုံပွဲကို တက်ရောက်ထားသူဖြစ်ပြီး ဘာကြောင့်ဖမ်းသွားလဲဆိုတာတော့ မသိဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေကို ဆက်တိုက်ဖမ်းဆီးနေတာ ဖြစ်ပြီး ပြည်သူတွေကလည်း ရတဲ့နေရာမှာရသလို ပြောက်ကျားစနစ်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်းက သဲတောင်ပေါ်ကုန်းရပ်ကွက်က ဘုရားမှာလည်း အကြမ်းဖက်စစ်တပ်တွေက တပ်စွဲထားပါတယ်။