အာဏာရှင်စနစ်အပြီးချုပ်ငြိမ်းမှ ပညာသင်ကြားမယ်လို့ ဟင်္သာတကွန်ပျုတာတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ၉၀ ရာနှုန်းကျော်က ထုတ်ပြန်ကြေညာပါတယ်။
ကွန်ပျူတာတက္ကသိုလ်ပဉ္စမနှစ်ကွန်ပျုတာသိပ္ပံမေဂျာ ၅၁ ဦးနဲ့ ကွန်ပျုတာနည်းပညာက ၁၀ ဦး အကြမ်းဖက်စစ်အာဏာရှင်စနစ် အပြီးတိုင်မကျဆုံးသေးသရွေ့ နောက်ဆုံးနှစ်သင်တန်းအား ပြန်လည်တက်ရောက်မည်မဟုတ်ကြောင်း မေ ၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာပါ။
“ကျွန်ုပ်တို့သည် အာဏာသိမ်း စစ်ကောင်စီ၏လက်အောက်တွင် ကျောင်းပြန်တက်မည် မဟုတ်ဘဲ အာဏာရှင်စနစ်ချုပ်ငြိမ်းသွားသည်အထိ ဆန်ကျင့်သွားမည်။”
စစ်ကောင်စီ ဖွင့်လှစ်မည် အတန်းတွေကို မတက်ရောက်ဖို့ ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ သပိတ်ကလည်း ထုတ်ပြန်ကြေညာထားပြီး တက်ရောက်တဲ့ ကျောင်းသားတွေအား သစ္စာဖောက်လောက်ကောင်တွေအဖြစ် သတ်မှတ်မယ်လို့ မေလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။