Home
မြန်မာသတင်း
အာဏာရှင်စနစ်ချုပ်ငြိမ်းရေး အတူလက်တွဲဆောင်ရွက်ရန် KIO နှင့် PSLF သဘောတူ
DVB
·
May 28, 2023
348358936_637974278226340_7833142007547416426_n

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) တို့ဟာ ဒေသတွင်းက ပြည်သူလူထုတို့ရဲ့ ဘေးကင်းလုံခြုံရေးကို တာဝန်ခံဖို့နဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အတူလက်တွဲ ဆောင်ရွက်သွားကြဖို့ စတဲ့အချက်တွေကို တွေ့ဆုံသဘောတူခဲ့ကြတယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။

ကိုယ်စားလှယ်အဖွဲ့တို့ဟာ မေ ၁၆ နဲ့ ၁၇ ရက်က ကချင်ပြည်နယ်၊ မိုင်ဂျာယာန်မြို့မှာ တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြပြီး KIO နဲ့ PSLO (အရင်က ပလောင်ပြည် လွတ်မြောက်ရေး အဖွဲ့) တို့ နှစ်ဦးနှစ်ဖက်ကြား သဘောတူညီခဲ့ကြတဲ့ ထာဝရ မဟာမိတ်စာချုပ်ကို ဆက်လက် အသိအမှတ်ပြု ထိန်းသိမ်းအကောင်အထည်ဖော်သွားဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒေသခံတွေဖြစ်ကြတဲ့ ကချင်လူမျိုး၊ တအာင်း(ပလောင်)လူမျိုးနဲ့ ရှမ်းလူမျိုး အပါအဝင် ဒေသတွင်းက ပြည်သူလူထုတို့ရဲ့ ဘေးကင်းလုံခြုံရေးကို တာဝန်ခံဖို့နဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့လုပ်ရပ်တွေကို ရှောင်ရှားကြဖို့လည်း သဘောတူခဲ့ကြပါတယ်။

ပြီးတော့ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အတူလက်တွဲသွားဖို့၊ အမျိုးသား တန်းတူရေးအပေါ် အခြေခံပြီး အပြန်အလှန်လေးလေးစားစားနဲ့ အရင်လိုပဲ ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲနေထိုင်သွားဖို့၊ အငြင်းပွားစရာ သမိုင်းကြောင်းတွေနဲ့ အမုန်းစကားတွေကို ရှောင်ကြဉ်ပြီး ချစ်ခင်ရင်းနှီးမှုတို့ကို အလေးထား ဆောင်ရွက်ဖို့၊ မမျှော်လင့်တဲ့ အခက်အခဲတွေ ပေါ်လာရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ရရှိရေးအတွက် နှစ်ဖက် တိုင်ပင်ညှိနှိုင်းဖြေရှင်းသွားကြဖို့နဲ့ ပဋိပက္ခတွေ မပေါ်လာစေဖို့အတွက်လည်း ဝိုင်းဝန်းထိမ်းသိမ်းကြဖို့ သဘောတူခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024