ဖမ်းဆီးခံ သတင်းသမားများကို ပြန်လွှတ်ရန် မော်လမြိုင်လူငယ်များ တောင်းဆို
DVB
·
May 3, 2021
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီအနေနဲ့ ဖမ်းဆီးထားတဲ့ သတင်းသမားအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ မော်လမြိုင်လူငယ်တွေက မေ ၃ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
လူငယ်တွေကတော့ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ ရပ်တည်ပေးတဲ့ သတင်းမီဒီယာသမားတွေကို ကျေးဇူးတင်ကြောင်းနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ပေးဖို့ တောင်းဆို ခဲ့တာပါ။
ဒီကနေ့ မေလ၃ ရက်နေ့ဟာ ကမ္ဘာသတင်းမီဒီယာလွတ်လပ်ခွင့်နေ့ဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းမီဒီယာသမား ၇၀ ကျော် ဖမ်းဆီးခံထားရသလို သတင်းဌာန ၆ ခု လုပ်ငန်းပိတ်သိမ်းခံထားရပါတယ်။