ဘားအံမြို့တွင် KBZ ဘဏ်ခွဲပြန်ဖွင့်သဖြင့် ငွေလာထုတ်ယူသူ များပြားနေ
DVB
·
May 3, 2021
ကရင်ပြည်နယ် ဘားအံမြို့မှာ ရွေညောင်ပင် KBZ ဘဏ်ခွဲ ဒီနေ့မနက် ပြန်ဖွင့်နေလို့ ငွေ လာရောက်ထုတ်ယူသူအများအပြား တန်းစီ ထုတ်ယူနေတာကြောင့် လူစုလူဝေး ဖြစ်ပေါ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ အခြေအနေအရ CB ဘဏ် နဲ့ KBZ ဘဏ်က ATM ငွေထုတ်စက်တွေကနေ ကန့်သတ်ချက်နဲ့ သာ ငွေထုတ်ပေးနေပါတယ်။
ကရင်ပြည်နယ်အတွင်း ဘားအံ၊ မြဝတီ၊ ကော့ကရိတ်မြို့တို့မှာ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ မြန်မာရတနာဘဏ်၊ အင်းဝဘဏ် ၊ မြန်မာအရှေ့တိုင်းဘဏ်ခွဲတွေကတော့ ပိတ်ထားဆဲ ဖြစ်ပါတယ်။