ရေနံချောင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ အလုပ်အမှုဆောင် ၂ ဦးနဲ့ ပြည်သူ တစ်ဦးကို ဧပြီ ၃၀ ရက် ညနေ ၃ နာရီက အကြမ်းဖက်စစ်ကောင်စီက အတင်းအဓမ္မ ဖမ်းဆီးသွား တယ်လို့ သမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌ(၂) မဇွန်သင်းကြည်၊ ကျောင်းသားများသမဂ္ဂ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရာတာဝန်ခံ မောင်ဖြိုးဝေသစ်နဲ့ အရပ်သားဒေသခံပြည်သူတစ်ဦးဖြစ်တဲ့ မမြင့်မြတ်သော်တို့ ဖြစ်တယ်လို့ သိရပါတယ်။
ရေနံချောင်းတက္ကသိုလ်ကျောင်းသား သမဂ္ဂအနေနဲ့ ဧပြီ ၂၂ ရက်က စစ်ကျွန်ပညာရေးစနစ်ကို သပိတ်မှောက်တဲ့အနေနဲ့ Studen'ts CDM လုပ်ဆောင်သွားမယ်လို့ ကြေညာထားပါတယ်။