Home
မြန်မာသတင်း
ဆရာ၊ဆရာမများ CDM ဆက်လုပ်ရန် မော်လမြိုင် ကျောင်းသားများကွန်ရက် တောင်းဆို
DVB
·
April 30, 2021
179775329_1594233457574250_9070848947371400792_n-1
179775329_1594233457574250_9070848947371400792_n

ဆရာ၊ဆရာမတွေ အနေနဲ့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ဆက်လက် ပါဝင်ပေးဖို့ မော်လမြိုင် ကျောင်းသူ၊ ကျောင်းသားများကွန်ရက်တွေက ဧပြီ ၃၀ ရက်နေ့ မှာ တောင်းဆိုလိုက်ပါတယ်။

အခုအခါ CDM ဆရာ၊ဆရာမတွေကို အကြမ်းဖက် စစ်ကောင်စီက ကျောင်းပြန်တက်ဖို့ ဖိအားပေး ခြိမ်းခြောက်မှုတွေ  ဆက်တိုက် လုပ်ဆောင်လာပါတယ်။

ဒါကြောင့် ဆရာ၊ဆရာမတွေအ‌နေနဲ့ CDM ပြုလုပ်ပေးဖို့ အတင်းမတိုက်တွန်းလိုပေမယ့် ကျဆုံးသွားသောသူ‌တွေ၊  တိုက်ပွဲဝင်နေသူတွေနဲ့ ဖမ်းဆီးခံထားရတဲ့ သူတွေအတွက် ဆက်လက် ပါဝင်ပေးဖို့ တောင်းဆိုလိုက်တာပါ။

အကြမ်းဖက် စစ်ကောင်စီကတော့ အခြေခံပညာ ဆရာ၊ဆရာမတွေကို  မေလ ၃ ရက်နေ့ နောက်ဆုံးထားပြီး ကျောင်းပြန်တက်ကြဖို့ နည်းမျိုးစုံနဲ့ ဖိအားပေးတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024