ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ဦးပေါလုရဲ့ ဈာပန အခမ်းအနားကို ဒီကနေ့ ဧပြီလ ၂၉ ရက်မှာ ပြုလုပ်ရာမှာ ဒေသခံ မြို့ပြည်သူလူထု ထောင်နဲ့ချီပြီး လိုက် ပါပို့ဆောင်ပေးခဲ့ကြပါတယ်။
ဈာပနကို ကယားပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ကရင်နီလူမျိုးပေါင်း စုံလွတ်မြောက်ရေးတပ်မတော် က.လ.လ.တ ၊ ကယန်းပြည်သစ်နဲ့ ကယောနီ အဖွဲ့တို့ကလည်း လုံခြုံရေး ရယူပေးကာ ဈာပနအခမ်းအနားကို အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်က ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင် ကျေးရွာမှာ အတားအဆီးတွေကို စစ်တပ်က အင်းအားအများအပြားနဲ့လာရောက်ဖယ်ရှားစဉ် ကျေးရွာလူထုနဲ့ ထိပ်တိုက်တွေ့ပြီး အကြမ်းဖက်စစ်တပ်က ပစ်ခတ်ခဲ့လို့ စံပြ ၆ မိုင်ကျေးရွာ ကယောပိုင်းနေ အသက် ၅၀ အရွယ် ဦးပေါလု သေဆုံးခဲ့ရသလို ရွာသား ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် မြန်မာတနိုင်ငံလုံးမှာ သေဆုံးသူပေါင်း ၇၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။