မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးရန်နိုင်ကို အကြမ်းဖက်စစ်ကောင်စီက ဧပြီ ၂၈ ရက် ည ၁၀ နာရီ ဝန်းကျင်မှာ ဖမ်းဆီးခဲ့ပါတယ်။ ဦးရန်နိုင်ရဲ့ စာစင်အလယ်ပိုင်းရပ်ကွက်နေအိမ်မှာ ရဲနဲ့ စစ်တပ်က လာရောက် ဖမ်းဆီးခဲ့ တာဖြစ်ပါတယ်။
ဦးရန်နိုင်ဟာ NLD အစိုးရလက်ထက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ်ဆောင်ရွက်ခဲ့ သူဖြစ်ပြီး စစ်အာဏာသိမ်းချိန်မှာ အနားယူခဲ့သူဖြစ်ပါတယ်။
မုဒုံမြို့မှာ မြို့မရပ်ကွက် ၄ ခုရှိပြီး စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက အုပ်ချုပ်ရေးမှူးအသစ်တွေကို ခန့်အပ်ထားပါတယ်။ မုဒုံမြို့၊ ကွမ်တာကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း စစ်ကောင်စီက ဧပြီ ၂၈ရက်နေ့မှာ မုဒုံမြို့မရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
မော်လမြိုင်မြို့မှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းတွေကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။