စစ်အာဏာရှင်ပြုတ်ကျရေး မြင်းခြံမြို့တွင် ချီတက်သပိတ်မှောက်
DVB
·
April 29, 2021
ဧပြီ ၂၉ ရက် မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှာ ဗကသများအဖွဲ့ချုပ် (မြင်းခြံ) နဲ့ အဖိနှိပ်ခံ ပြည်သူလူထုဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် လမ်းလျှောက်ချီတက် သပိတ်မှောက်ခဲ့ကြပါတယ်။
ငါဒို့မြို့ပြတွေကို ငါဒို့ပြန်သိမ်းပိုက်ပြီ၊ ငါဒို့လမ်းတွေ ငါဒို့ပြန်သိမ်းပြီ၊ ၂၀၀၈ ခြေဥ ဖျက်သိမ်းရေး၊ ဒီမိုကရေစီ ရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံသစ် ပေါ်ပေါက်ရေး၊ ဖိရင်ကြွမယ် ထိရင်ချမယ်၊ ဖက်ဆစ် စစ်တပ် အမြစ်ဖြတ် စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။