Home
မြန်မာသတင်း
မော်လမြိုင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းများကို အကြမ်းဖက်စစ်အုပ်စု လိုက်လံဖမ်းဆီး
DVB
·
April 29, 2021
177994359_1593005757697020_8427968136011059655_n
179662907_1593005814363681_5009174641516237526_n
179619607_1593005791030350_1636781973995086226_n
179075967_1593005717697024_7136137123025107597_n
177575915_1593005664363696_3182480499674531211_n

နုတ်ထွက်ထားတဲ့ မော်လမြိုင်မြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းအချို့ကို ဧပြီ ၂၉ ရက် မနက်ပိုင်းကစပြီး အကြမ်းဖက်စစ်အုပ်စုက လိုက်လံရှာဖွေ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

လက်ရှိ‌တော့ စစ်ကဲကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်ထွဋ်နဲ့ ရွှေမြိုင်သီရိရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးစိန်မင်းတို့ ဖမ်းဆီးခံထားရပါတယ်။

အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ တပ်မတော်က အာဏာသိမ်းစဉ်ကတည်းက နုတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ ဖြစ်ပါတယ်။

မော်လမြိုင်မှာတော့ တပ်မတော်က အာဏာသိမ်းယူပြီးနောက် အုပ်ချုပ်ရေးမှူး ၂၀ နီးပါး နုတ်ထွက်ထားကြပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက်စစ်အုပ်စုဟာ ကျန်ရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လိုက်လံဖမ်းဆီနေပေမယ့် အများစုမှာ တိမ်းရှောင်နေကြတဲ့အတွက်ကြောင့် ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024