Home
မြန်မာသတင်း
ဘုတလင်မြို့‌ဆေးရုံ CDM ဝန်ထမ်းများကို လိုင်းခန်းမှ အတင်းအဓမ္မပြောင်းခိုင်း
DVB
·
April 27, 2021
444343-150586626_440011817315478_1230309548083816582_n-730x365
178083751_454591968950333_7104626347573998092_n

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်တဲ့ ဘုတလင်ဆေးရုံ ဝန်ထမ်း မိသားစုတွေကို ဘုတလင်ဆေးရုံအုပ်ဆရာဝန်က လိုင်းခန်းကနေ အတင်းအဓမ္မပြောင်းရွှေ့ခိုင်းနေတယ်လို့ ဖယ်ရှားခံရတဲ့ ဆရာမတစ်ယောက်က DVB ကို ပြောဆိုပါတယ်။

"CDM မှာ ပါတဲ့ ဝန်ထမ်းတွေ လိုင်းခန်းကနေ ၄ လ ၂၇ ရက်နေ့ အပြီး ထွက်သွားဖို့ ဖိအားပေးပြောဆိုပါတယ်။ အခုထွက်သွာနေကြတဲ့ မိ သားစုတွေလည်းရှိတယ်။ နေရာအခက်အခဲတွေလည်း ရှိသလို၊ ပြောင်းရွှေ့ရတာ၊ ပစ္စည်းသယ်ယူဖိုရာ အခက်အခဲတွေလည်းရှိတယ်၊ ကားအခက်အခဲပေါ့။ တချို့မိသားစုတွေကတော့ ဒီနေ့ မနက်ပိုင်းမှာ တချို့က နီးစပ်ရာဆွေမျိုးတွေဆီ ပြောင်းရွှေ့‌ပေးကြပြီး တချို့ကတော့ ပြောင်းရွှေ့ရမယ့်နေရာ မရှိတဲ့အတွက် အခက်အခဲကြုံနေရတာလည်း ပါတယ်။” 

ဘုတလင်မြို့ခံ‌တွေဟာ ခုအချိန်မှာ အာဏာသိမ်းစစ်ကောင်စီ တပ်တွေရဲ့ အနိုင်ကျင့်ပစ္စည်းသိမ်းယူခံရတာတွေလည်းရှိပြီး အင်တာနက်၊ ဝိုင်ဖိုင်ဖြတ်တောက်ခံနေရတာနဲ့ PSI စလောင်းသိမ်းဆည်းခံရတာတွေ နေ့စဉ်ကြုံနေရတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024