အာဏာသိမ်းစစ်ကောင်စီပြုတ်ကျရေးအတွက် CDM မှာ ပါဝင်တဲ့ ဖြူးမြို့နယ်က ပညာရေးဝန်ထမ်းတွေကို မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးတွေနဲ့ ဌာနဆိုင်ရာအချို့က ဖိအားပေး လက်မှတ်ထိုးခိုင်းနေတယ်လို့ သိရပါတယ်။
ဖြူးမြို့နယ်အတွင်းက ပညာရေးဝန်ထမ်းတွေကို ဘာကြောင့်ဖြစ်ဖြစ် မိခင်ဌာနမှာ မပျက်မကွက်တာဝန်ထမ်းဆောင်ပါ့မယ်ဆိုတဲ့ ခံဝန်လက်မှတ် ထိုးခိုင်းနေတာပါ။
လက်မှတ်မထိုးတဲ့သူတွေကို ထိုးသူများကို ပုဒ်မ ၅၀၅ နဲ့ တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်နေသလို CDM မှာ ပါဝင်သူတွေကိုလည်း မြို့နယ်ပညာရေးမှူးက စာရင်း ကောက်ယူပြီး အကြမ်းဖက်စစ်ကောင်စီဆီ ပေးပို့တာတွေ ရှိတယ်လို့ ပညာရေးဌာနက သိရပါတယ်။
ဖြူးမြို့နယ်အတွင်း CDM မှာ ပါဝင်တဲ့ ဆရာ/ဆရာမအချို့ အမှုဖွင့်ခံထားရသလို လိုက်လံဖမ်းဆီးတာကြောင့် တိမ်းရှောင်နေရသူတွေလည်း ရှိပါတယ်။
ဖြူးမြို့နယ်မှာ ပညာရေးဝန်ထမ်း ၂၇၀၀ လောက်ရှိတဲ့အနက် CDM မှာ ၁၄၀၀ ကျော် ပါဝင်ထားပြီး လက်ရှိ ခြိမ်းခြောက်မှုတွေကြောင့် ခံဝန်လက်မှတ်ထိုးသူ ၁၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။
ဖြူးမြို့နယ်ပညာရေးဌာနက ဆရာဆရာမတွေဟာ အာဏာသိမ်းစစ်ကောင်စီပြုတ်ကျရေးအတွက် ပထမဆုံး CDM မှာ ပါဝင်လာတာဖြစ်သလို လက်ရှိဆန္ဒပြပွဲတွေမှာလည်း တက်ကြွစွာပါဝင်နေကြပါတယ်။