တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ယာယီမဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်းပြီး စစ်အာဏာရှင်ကို တိုက်ခိုက်ကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းနဲ့ပြည်နယ် အထွေထွေ သပိတ်ကော်မတီတွေက ဧပြီ ၂၄ရက် ရက်စွဲနဲ့ မေတ္တာရပ်ခံစာထုတ်ပြန်လိုက်ပါတယ်။
လက်ရှိအချိန်မှာ တိုင်းရင်းသားညီနောင်တပ်ဖွဲ့တွေအကြား အငြင်းပွားစရာပြဿနာတွေဟာ အချိန်အခါအရ ဦးစားပေးရမှာမဟုတ်ဘဲ ဘုံရန်သူ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်း ဖို့ ဦးစားပေးဖို့ သပိတ်ကော်မတီတွေက ယူဆပါတယ်ဆိုပြီး မေတ္တာရပ်ခံစာမှာဖော်ပြထားပါတယ်။
မေတ္တာရပ်ခံစာကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၅ နေရာက အထွေထွေသပိတ်ကော်မတီတွေ ပူးပေါင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့မတရား အကြမ်းဖက်တာတွေကို တုံ့ပြန်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက စစ်ကောင်စီတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားနေပေမဲ့ ရှမ်းပြည်နယ်ထဲမှာတော့ ရှမ်းလက်နက်ကိုင်အဖွဲ့ ၂ဖွဲ့အကြား အချင်းချင်းတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။
Cre