ဧရာဝတီတိုင်း၊ ဖျာပုံမြို့၊ အမှတ် ၁ ရပ်ကွက်မှာ ဧပြီ ၂၃ ရက် ညပိုင်းက CDM ဝင်ထားတဲ့ ကျောင်းဆရာမ ၁ ဦးကို အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေတွေ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ CDM ဝင်ထားတဲ့ ကျောင်းဆရာမဟာ ဖျာပုံမြို့နယ်၊ ပုလဲမူလွန်ကျောင်းက ဆရာမ ဒေါ်နီနီဝင်းဖြစ်ပြီး အမှတ် (၁)ရပ်ကွက်၊ စွန်းလွန်းလမ်းမှာ နေထိုင်သူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
CDM မှာ ပါဝင်ထားတာကြောင့် ရပ်ကွက်အတွင်းက ပညာရာမဘုန်းကြီးကျောင်းဝန်းအတွင်း တိမ်းရှောင်နေချိန် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေတွေက လူအင်အား ၃၀ လောက်နဲ့ လာဝိုင်းကာ ဖမ်းဆီးသွားတယ်လို့ဆိုပါတယ်။