ဖျာပုံမြို့တွင် Mytel ကတ်များကို မီးရှို့ဆန္ဒပြ
DVB
·
April 23, 2021
ဧရာဝတီတိုင်း ဖျာပုံမြို့မှာ ဧပြီ ၂၃ ရက်နေ့က စစ်တပ်ပိုင် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Mytel ဖုန်းကတ်တွေကို မီးရှို့ ဆန္ဒပြခဲ့ကြပါတယ်။
အကြမ်းဖက်စစ်တပ်ကို ဝင်ငွေရရှိစေမဲ့ Mytel ဖုန်းကတ်တွေကို အသုံးမပြုဖို့အတွက် လှုံ့ဆော်ပြုလုပ်ခဲ့တာလို့ ပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။