တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် Dakkhina Insight သတင်းဌာနရဲ့ သတင်းထောက် ကိုနိုင်လင်းထွန်းကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံ သတင်းသမားတွေက ဒီဗွီဘီကို ပြောတယ်။
သတင်းထောက် ကိုနိုင်လင်းထွန်းဟာ ဧပြီ ၂၁ ရက်နေ့က ထားဝယ်မြို့ရှိ စစ်အာဏာရှင် ဆန္ဒပြပွဲသတင်းရယူနေစဉ် သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ကိုနိုင်လင်းထွန်း ရဲ့ဦးခေါင်းကို သေနတ်ကျည်ဆန်ရှပ်ထိမှန် ဒဏ်ရာရရှိခဲ့သလို သတင်းထောက်ရဲ့ လက်ကိုင်ဖုန်းတွေနဲ့ laptop ကိုပါ စစ်တပ်က သိမ်းယူသွားခဲ့ပါတယ်။
အခုအခါ သတင်းထောက် ကိုနိုင်လင်းထွန်းကို အကြမ်းဖက် စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ၊ ၅၀၅ (က)နဲ့ အမှုဖွင့် အရေးယူထားပါတယ်။