မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာအိမ်ရာအတွင်း ဧပြီ ၂၂ ရက်နေ့ မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီရဲ့အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေပြီး ပြည်သူ ၄ ယောက်ကို ဖမ်းဆီးသွားပါတယ်။
မြရည်နန္ဒာအိမ်ရာ အမှတ် မမ ၁၉ တိုက် ၄ ကို လက်နက်ကိုင်တပ်တွေက ဝိုင်းကာ ဝင်ရောက်ရှာဖွေခဲ့ပြီး အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ဖမ်းဆီးခံလိုက်ရတယ်လို့ အိမ်ရာအတွင်းနေထိုင်သူ တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြစစ်ကြောင်းတွေမှာ သုံးတဲ့ ဒိုင်းနဲ့ ကျည်ကာအဝတ်တွေ ပါ သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။
မန္တလေးမြို့တွင်းမှာလည်း အာဏာသိမ်းစစ်ကောင်စီရဲ့အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေ ဟာ ပြည်သူတွေရဲ့ ဆိုင်ကယ် toolbox နဲ့ ဖုန်းတွေ စစ်ဆေးတာ လုပ်နေကြပါတယ်။