မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတဲ့ တအာင်းပလောင် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူးနဲ့ လီဆူတိုင်းရင်းသား သူဌေး တစ်ဦးတို့ ပြန်လည်လွတ်မြောက်လာပါတယ်။
ဧပြီ ၁၉ ရက်နေ့ ည ၇ နာရီလောက်က ပြန်လွတ်လာတာဖြစ်ပြီး ဖမ်းဆီးခံထားရစဉ် ရိုက်နှက်ထားတာမျိုးမဘဲ သံသယရှိတာကြောင့် ဖမ်းဆီးတာဖြစ်ပြီး ဖုန်းနဲ့ laptop ကွန်ပြူတာကို ပြန်ပေးခဲ့တယ်လို့ မိသားစုဝင် တစ်ယောက်က ပြောပါတယ်။
မိုးကုတ်မြို့မှာ ရပ်ကွက်အလိုက် ပြည်သူတွေ တားဆီးထားတဲ့လမ်းတွေကို စစ်အုပ်စုက ဧပြီ ၁၉ ရက်နေ့ကစပြီး ဘူဒိုဇာ မြေတူးစက်နဲ့ ထိုးပြီး ဖြိုဖျက်နေတယ်လို့ သိရပါတယ်။