စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မှာ ဧပြီ ၂၀ ရက် မနက်ပိုင်းက တက္ကသိုလ်ကျောင်းသူ မဖြူဖြူသင့်ကို အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွားပါတယ်။
မဖြူဖြူသင့်ဟာ ဒီကနေ့မနက် ဆန္ဒပြပွဲက အပြန် ဆိုင်တစ်ဆိုင်မှာ မုန့်ဝင်စားနေစဉ် အကြမ်းဖက်သမားတွေက ဆိုင်းအတွင်းဝင်ရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ သူနဲ့ နီးစပ်တဲ့ ရွှေဘိုမြို့ခံ တဦးကပြောပါတယ်။
“ သူက ဆန္ဒပြပွဲအပြန်မှာ မုန့်ဝင်စားတာပါ၊ မုန့်ဝင်စားတဲ့အချိန် မဖြူဖြူသင့်ကို အကြမ်းဖက် စစ်သားနဲ့ ရဲတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတယ်”။
မဖြူဖြူသင့်ဟာ ရွှေဘိုတက္ကသိုလ် မြန်မာစာ တတိယနှစ်ကျောင်းသူတစ်ဦးဖြစ်ပြီး လက်ရှိ သူ့ကို ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာ မသိရသေးပါဘူး။