ညောင်ဦးမြို့၌ သပိတ်စစ်ကြောင်းဖြိုခွင်းခံပြီး ပြည်သူ ၁၁ ဦးထက်မနည်းဖမ်းဆီးခံရ
DVB
·
April 19, 2021
မန္တလေးတိုင်း ညောင်ဦးမြို့မှာ စစ်အာဏာရှင်ကျဆုံးရေး သပိတ်စစ်ကြောင်းဖြိုခွင်းခံရပြီး ဆန္ဒပြပြည်သူ ၁၁ ဦးထက်မနည်းအဖမ်းခံခဲ့ရပါတယ်။
ညောင်ဦးမြို့မှာ ဧပြီလ ၁၉ ရက်နေ့က စစ်အာဏာရှင်ပြုတ်ကျရေး သပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်း ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။