လူငယ် ၁၇ ဦးဖမ်းဆီးခံရသော်လည်း အင်းစိန်မြို့နယ်တွင် သပိတ်ဆက်မှောက်
DVB
·
April 19, 2021
ရန်ကုန်မြို့၊ အင်းစိန်၊ ကြို့ကုန်းက လူငယ် ၁၇ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက ဧပြီ ၁၉ ရက် မနက်ပိုင်းမှာ ဖမ်းဆီးခဲ့ပေမယ့် ညနေပိုင်းမှာ အင်းစိန်လူငယ်တွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆက်လက် သပိတ်ဆက်မှောက်ခဲ့ပါတယ်။
အင်းစိန်လူငယ်တွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ CRPH ကဖွဲ့စည်းပေးလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုကြိုဆိုထောက်ခံတဲ့အနေနဲ့ ဒီကနေ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ရပ်ကွက်တွေအတွင်း လှည့်လည်သပိတ် မှောက်ခဲ့ပါတယ်။