Home
မြန်မာသတင်း
ဖမ်းဆီးခံအလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးကို ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲ
DVB
·
April 16, 2021
171497112_4060437640680364_3834112551441595904_n

ဖမ်းဆီးခံထားရတဲ့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးကို အကြမ်းဖက်စစ်ကောင်စီက ပုဒ်မ ၅၀၅(က) နဲ့ ရွှေပြည်သာမြို့နယ် တရားရုံးမှာ တရားစွဲလိုက်ပါတယ်။

ဒီနေ့ ဧပြီ ၁၆ ရက် မွန်းတည့် ၁၂ နာရီက ရွှေပြည်သာမြို့နယ်တရားရုံးမှာ ရမန်လာယူသွားပြီး ဒေါ်မျိုးမျိုးအေးကို ရွှေပြည်သာမြို့နယ်ရဲစခန်းမှာပဲ ထိန်းသိမ်းထားပြီး အခုအချိန်အထိတွေ့ခွင့်မရသေးပါဘူးလို့  မိသားစုဝင်တွေက ပြောပါတယ်။ 

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အခြေစိုက်  အလုပ်သမားအရေး ကူညီဆောင်ရွက်နေပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဧပြီ ၁၅ ရက် ဒီနေ့ နေ့ခင်းပိုင်းမှာ ဖမ်းဆီးခဲ့တာပါ။

ဒေါ်မျိုးမျိုးအေးကို ရွှေပြည်သာမြို့နယ် နဝရတ်ဈေးမှတ်တိုင်အနီးက သူ့ရုံးခန်းမှာ စစ်ကား ၄ စီး လူအင်အား ၄၀ လောက်နဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ ရုံးဝန်ထမ်းတွေရဲ့ လက်ကိုင်ဖုန်းတွေကိုလည်း  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းသွားပြီး ရုံးက ပစ္စည်းတွေကိုတော့ ဖျက်ဆီးတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

အလုပ်သမားအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားဆောင်ရွက်နေသူ ဒေါ်မျိုးမျိုးအေးဟာ STUM ရဲ့ အစီအစဉ်ဒါရိုက်တာဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သူ့ရဲ့အဖွဲ့အစည်းဟာလည်း စစ်ကောင်စီ အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီကတည်းက အလုပ်သမားတွေနဲ့အတူ ဆက်တိုက် သပိတ်မှောက်ခဲ့တဲ့  အဖွဲ့အစည်းဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013