ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အခြေစိုက် အလုပ်သမားအရေး ကူညီဆောင်ရွက်နေပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ဧပြီ ၁၅ ရက် ဒီနေ့ နေ့ခင်းပိုင်းမှာ ဖမ်းဆီးလိုက်ပါတယ်။
ဒေါ်မျိုးမျိုးအေးကို ရွှေပြည်သာမြို့နယ် နဝရတ်ဈေးမှတ်တိုင်အနီးက သူ့ရုံးခန်းမှာ စစ်ကား ၄ စီး လူအင်အား ၄၀ လောက်နဲ့ ဝင်ရောက်ဖမ်းဆီးတာဖြစ်ပါတယ်။
သူ့ရဲ့ ရုံးဝန်ထမ်းတွေရဲ့ လက်ကိုင်ဖုန်းတွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းသွားပြီး ရုံးက ပစ္စည်းတွေကိုတော့ ဖျက်ဆီးတာမျိုးမရှိဘူးလို့ သိရပါတယ်။
အလုပ်သမားအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားဆောင်ရွက်နေသူ ဒေါ်မျိုးမျိုးအေးဟာ STUM ရဲ့ အစီအစဉ်ဒါရိုက်တာဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သူ့ရဲ့အဖွဲ့အစည်းဟာလည်း စစ်ကောင်စီ အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီက ကတည်းက အလုပ်သမားတွေနဲ့အတူ ဆက်တိုက် သပိတ်မှောက်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။