မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၃၂ လမ်း ၊ ၈၆ လမ်း ၈၇ လမ်းကြားမှာ ဧပြီ ၁၄ ရက် မနက်အစောပိုင်းက အမျိုးသား လူသေအလောင်း လာရောက်ပစ်သွားတယ်လို့ သိရပါတယ်။
ပစ်သွားတဲ့အချိန်မှာ မျက်မြင်တွေ့သူ မရှိခဲ့ပဲ မနက်ပိုင်းရောက်မှာ လူသေအလောင်းကို တွေ့ရတာ လို့ ဆိုကြပါတယ်။
“ပစ်သွားတဲ့နားက အိမ်တွေက လူမရှိကြဘူး။ မနက်ဘယ်အချိန် ပစ်သွားတယ်မသိဘူး။ လင်းမှ လူတွေတွေ့ကြတာပဲ။” လို့ ဒေသခံ တစ်ဦး က ပြောပါတယ်။
သေဆုံးသူက အသက် ၂၀ ကျော် ၃၀ ဝန်းကျင်ဖြစ်ပြီး ပါးစပ်က အမြှုပ်တွေ ထွက်နေကာ တခြားပြင်းထန်ဒဏ်ရာတွေကိုတော့ မတွေ့ရဘူးလို့ သိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းတခုက ကားနဲ့ လာရောက်သယ်ဆောင် သွားပြီး သေဆုံးသူရဲ့ နာမည်နဲ့ နေရပ်လိပ်စာကိုတော့ မသိရသေးပါဘူး။