တမူးမြို့၌ စစ်တပ်၏ပစ်ခတ်မှုကြောင့် နွားနို့ပို့သည့် လင်မယား ၂ ဦး သေဆုံး
DVB
·
April 13, 2021
စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ နွားနို့ပို့တဲ့ ဂေါ်ရခါးလူမျိုး လင်မယားနှစ်ယောက်ကို အကြမ်းဖက် စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဧပြီ ၁၃ ရက်နေ့ နေ့လယ်က မြို့မ ၁၂ ရပ်ကွက် ပါဟဲ တံတားအနီးမှာ ပစ်ခတ်ခဲ့တာကြောင့် အဆိုပါ ဇနီးမောင်နှံ ကျည်ဆန်ထိမှန် သေဆုံးသွားခဲ့တာလို့ တမူးဒေသခံတွေက ပြောပါတယ်။
သေဆုံးသူလင်မယားနှစ်ယောက် ဆိုင်ကယ်နဲ့ နွားနို့သွားပို့စဉ်မှာ ပစ်ခံလိုက်ရတာ ဖြစ်ပြီး စစ်တပ်က အလောင်းပြန်လာယူဖို့ ပြောပေမဲ့ ဘယ်သူမှ သွားမယူရဲသေးဘူးလို့ တမူးမြို့ ဒေသခံက ပြောပါတယ်။