ဂီတအနုပညာရှင် အဆိုတော် အောင်ထက် အပါအဝင် နောက်ထပ် လူပုဂ္ဂိုလ် အယောက် ၂၀ ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့မီဒီယာက ဧပြီ ၁၂ ရက်စွဲနဲ့ ထပ်မံ ကြေညာပါတယ်။
အမှုဖွင့်ခံထားရသူတွေအထဲမှာ အောင်ထက်၊ ရဲမင်းကြည်၊ မွန်လေး၊ သဇင်သော်၊ ဝင်းနိုင်၊ တင်မောင်ဝင်း၊ အိမ့်ဖူးဝေသော်၊ ပြည့်စုံအောင်၊ အေးအေးမွန်၊ ဝင်းမြင့်၊ နိုင်ဇော်၊ သင်းသင်းနွယ်၊ အောင်သူရဇော်၊ နန်းပန်၊ သန့်ဇင်အောင်၊ အောင်ပြည့်စုံ၊ အောင်ကြီး၊ ဘုန်းနိုင်ရွှေနဲ့ ဗစ်တာမြင့်ဆွေတို့ ပါဝင်ပါတယ်။
အလားတူ ထင်ရှားတဲ့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ ရုပ်ရှင်ဒါရိုက်တာတွေ၊ မော်ဒယ်တွေ အနုပညာရှင်တွေနဲ့ အွန်လိုင်းမှာလူသိများသူတွေ အပါအဝင် ဒီကနေ့အထိ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူခံထားရသူပေါင်း အယောက် ၂၀၀ လောက် ရှိသွားပြီဖြစ်ပါတယ်။
ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတဲ့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ မော်ဒယ်ပိုင်တံခွန်ကိုလည်း ပြီးခဲ့တဲ့ပိုင်းက ရန်ကုန်ရှိ သူ့တို့ရဲ့နေအိမ်မှာ စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
Photo- Credit